ရှမ်းရွာသစ်မြို့တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအဆင်ပြေ

ရှမ်းရွာသစ်   ဇွန် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဆိတ်များဈေး ကောင်းပေးဝယ်နေ၍ ဆိတ်မွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင့် ဆိတ်သားပေါက်များဝယ်ယူကာမွေးမြူလေ့ရှိရာ အရွယ်ရောက်ပြီးသား ဆိတ်အထီး၊ အစ်မတစ်စုံလျှင် ငွေကျပ်(၁၅၀၀၀၀)ခန့်ဝယ်ယူကြပြီး သားဖောက်မွေးမြူလေ့ရှိကြောင်း၊ ဆိတ်မွေးမြူ ရေးလုပ်ငန်းသည် အရင်းအနှီးများစွာမလိုပဲ တစ်ပိုင်တစ်နိုင်မွေးမြူ၍ လွှတ် ကျောင်းစနစ်ဖြင့် မွေးမြူ၍ရသောကြောင့် မိသားစုအပိုဝင်ငွေလည်းရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက်လိုအပ်သော သဘာဝမြေဩဇာ များဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင် တစ်နိုင်မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)