ကြာအင်းဆိပ်ကြီးမြို့နယ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေပြီး အခမဲ့ဖြန့်ချီသည့် သတင်းစကားလက်ကမ်းစာစောင်အား မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် လေ့လာသိရှိ လိုက်နာရှောင်ရှားနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူများအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ပြောကြားသည့် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် အမှာစကားကောက်နုတ်ချက်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ ကျောင်းသား ကျောင်းသူလူငယ်များ သိရှိလိုက်နာ သင့်သည့် အချက်များ၊ ၂၆-၆-၂၀၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကဗျာဆရာ နုခန့်ယဉ် (ရစ်ကန်ကြီး) ရေးသားသည့် မူးယစ်ဆေးဝါးတို့ရှောင်ရှား ကဗျာနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ အမျိုး သား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ စသည့်အသိပညာပေး သိမှတ်ဖွယ်ရာ အကြောင်း အရာများအား ထည့်သွင်းဖော်ပြထုတ်ဝေထားကြောင်း သိရသည်။

မျိုးမင်းဦး