ကျိုက်လတ် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကုန်ဈေးနှုန်း ထိန်းညှိလျှော့ချရေးအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ယမန်နေ့နံနက် (၇)နာရီခွဲကစ၍ မြို့ပေါ် အမှတ်(၅)ရပ်ကွက်နှင့် ထင်းကွင်းကျေးရွာအုပ်စု၊ ထင်းကွင်းကျေးရွာသို့ သွားရောက် ရောင်းချပေးခဲ့ကြသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆီ(၅ဝ)ကျပ်သားလျှင် (၂၁၀၀)ကျပ်၊ ဘဲဥ(၁)လုံးလျှင် (၂၅ဝ)ကျပ်၊ ဝက်သား (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ ဟင်းသီး ဟင်းရွက်များဖြစ်သော ကန်စွန်းရွက်၊ ပဲသီး၊ ဘူးညွှန့်၊ ငရုတ်သီးများအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေး/ကုဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်