ဖြူး ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၂၀၂၃-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၁၇/၇)ဖာလုံအနောက်ဘက် ငမြွေဆည်သွားလမ်းဘေးဖြူးကွန်း(၁) ကြိုးပြင်ကာကွယ်တောအတွင်း ယနေ့နံနက် (၈)နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင် ပျိုးပင်ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ဒေဝီမေတို့ကလက်ခံရယူပေးခဲ့ကြသည်။
ဆက်လက်၍ ကျွန်းပျိုးပင်(၂၀၀)ပင်၊ပျဉ်းကတိုးပျိုးပင်(၅၀)ပင်၊ပိတောက်ပျိုးပင်(၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ယမနေပျိုးပင်(၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့၊ ဒေသခံပြည်သူများမှ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)