ကလေး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ အောင်မြတ်ဦးရေးသားပြီး မိတ်ဆွေစာပေမှ ထုတ်ဝေသည့် လောကအမြင်နှင့် အောင်မြင်ရေးခရီးစဉ်စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဦးကျင်ဆွန်းတောင်လ်က လမ်းမှန်ကိုရွေးချယ်ပါ၊ ကောင်းဆိုးနှစ်မျိုးခွဲတတ်ပါစေ၊ ကိုယ်နိုင်သည့်အလုပ် ကိုယ်လုပ်ပါ စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)