ငါးသိုင်းချောင်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး (အငြိမ်းစား)မှ အမှတ်ပေးစည်းမျဥ်းများကိုလည်း ပြောကြားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့်ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးအား ဗလာစာအုပ်(၃)အုပ်စီပေးအပ်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)