မြန်အောင် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စု တောင်သူ ဦးသန်းထွဋ်၏ လယ်မြေ ကွင်းအမှတ်(၂၅၀) ဦးပိုင် အမှတ်(၁၄၄/၁)တွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံ လျှော်)သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းမင်းစိုးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်တာ ဝန်ခံ(ယာယီ) ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုအား ပေးခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမြေဆီ လွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) (၃၄၀၀) ဧက စိုက်ပျိုးထားရှိရာ ယနေ့ အထိ ကျေးရွာအုပ်စု (၂၃)အုပ်စုရှိ တောင်သူ(၂၂၇) ဦး၏ လယ်မြေ (၂၆၈) ဧကတွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းပြီး ကြောင်းသိရသည်။
ဝင်းဗိုလ်(မြန်အောင်)