ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်း ၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကြံခင်း ဇွန် ၂၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က-၂)ကျောင်းခန်းအတွင်း   ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက လူငယ်နှင့်အားကစားဆိုင်ရာများကို အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းအား  အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်ခင်မိုးဝါက (Fitness Dance) အကဖြင့်  ကျောင်းသား/ သူများနှင့်အတူ သရုပ်ပြလေ့ကျင့်ဆောင်ရွက်ကြကြောင်းနှင့်  လူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က-၂) ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူ(၂၄၀)ဦးတတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)