ရေနံချောင်းမြို့နယ်၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရေနံချောင်း ဇွန် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဦးစီးမှုးရုံးမှ ဥပဒေနှင့်အညီ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများအား ဂဏန်း (၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ၊ ၎င်းတို့ မိသားစုဝင်များ၏ Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်းခြင်းတို့ပြုလုပ်ကာ UID နံပါတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများနှင့် အသက်(၁၀)နှစ် နှင့်အထက် ကျောင်းသားကျောင်းသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူး ဦးတင်အောင်ကျော်ထံက သိရသည်။

ရေနံချောင်းမြို့နယ်၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၂၂ ရက်က  စတင်ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇင်ဦး၊ အဖွဲ့ဝင်()ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင် များက ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)