ဆိပ်ဖြူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ဆိပ်ဖြူ - ဆော - ကန်ပက်လက် ကားလမ်း မိုင်တိုင်အမှတ် ၃ မိုင် ၂ဖာလုံအနီး၌ ကျင်းပပြုလုပ်သည်။
အဆိုပါစိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးဇင်ဝင်းထွဋ် နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)တို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ်ခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအပူချိန်လျော့ကျပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သဘာဝသစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ခြင်း၊ စီးပွားဖြစ်သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်မိုးရာသီအတွက် ကျေးလက်ထင်းစိုက်ဧက(၅၀)၊ လူထုဖြန့်သစ်မျိုးစုံ (၃၁၀၀၀)ပင် ပျိုးထောင်စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး လူထုဖြန့်သစ်ပင်များကိုဖြန့်ဝေပေးနေကြောင်း ၊ ယနေ့ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်တွင် ယူကလစ်၊ ယင်းမာ၊ ကုက္ကို၊ တမာနှင့် ဖျောက်ဆိပ် အစရှိသည့် ပျိုးပင်(၅၀၀) စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ပြောကြားသိရသည်။
ကိုဇွဲ (ပြန်/ ဆက်)