ကန့်ဘလူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကန့်ဘလူ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မိုးရာသီရောက်ရှိလာပြီဖြစ်၍ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သော ငွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ရုံးနှင့်ရပ်ကွက်များတွင် ဇွန် ၂၃ ရက်မွန်းလွဲ ၃ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ထွေ/ အုပ်ရုံးနှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ရေလှောင်ကန်များ၊ စဥ့်အိုးများထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ဘုရားစဥ်ရှိ ညောင်ရေးအိုး၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းကျရောက်မှု မရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၂ ရက်က ဆိပ်ဖူးမြောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေးဌာန တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ ဆက်)