မြို့သစ် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ကွက်သစ်ရပ်ကွက်၌ မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချသည့် ကွန်ကရစ်ပစ္စည်းများ ပုံမှန် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့ပေါ်နှင့် ကျေးရွာများသို့ ကွန်ကရစ်ပစ္စည်းများ ပုံမှန်ရောင်းချနေရကြောင်း၊ အဓိက ရောင်းအားကောင်းသည့် ပစ္စည်းများမှာ ခြံစည်းရိုးကွန်ကရစ် ကျောက်တိုင်နှင့် ရေကန်များဖြစ်ပြီး ရံဖန်ရံခါကျေးလက်လမ်းများတွင် အသုံးပြုလေ့ရှိသော ရေပြွန်များလည်း အရွယ်အစား ဆိုဒ်အမျိုးမျိုးကို မှာယူသုံးစွဲကြ ကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးကပြောသည်။
ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ကျောက်စျေး၊ ဘိလပ်မြေစျေး သံချောင်းစျေးထက်ဝက်ခန့် စျေးတက်ခဲ့သော်လည်း မိမိတို့ ကုန်ချောပစ္စည်းများကို ရောင်းချရာတွင် ဝယ်လိုအားအပေါ် မူတည်၍ အနည်းငယ်သာ စျေးတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)