ဒေးဒရဲ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့၌ ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ (၂)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၁/၂၀၂၁) ၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်ဖြစ်သည့် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ ဘိန်းစိုက်ခင်းများဖျက်ဆီးရှင်းလင်းနေသည့် မှတ်တမ်းပုံ၊ ဘိန်းအစားထိုး စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းစံပြကွက် ရိတ်သိမ်းပွဲပြုလုပ်နေသည့် မှတ်တမ်းပုံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ် စသည့်ဆောင်ပုဒ်၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား ကဗျာနှင့် ကာတွန်းစသည့် အကြောင်အရာများပါ သတင်းစကားလက်ကမ်းစာစောင်များကို ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေဇာလင်း