မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လိုက် ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်က မူးယစ်ဆေးအကြောင်း သိကောင်းစရာ များကို လည်းကောင်း၊ ခရိုင်အားကစားမှူး ဦးဝင်းထိန်က အားကစားနှင့် မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးကြသည်။ ၎င်းနောက် တာဝန်ရှိသူများက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ(၇)ဦးတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူအားလုံးအား ဂုဏ်ပြုဗလာစာအုပ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝဏ္ဏထွန်း၊ ပြန်/ဆက်ssဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဦးဝင်းထိန်၊ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်