ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပ

ပခုက္ကူ ဇွန် ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး)စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ဇွန်လ၂၃ရက် ညနေ ၄နာရီအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။  ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ရပ်ကို ရွတ်ဆိုကြပြီး  ခေတ္တပါမောက္ခချုပ်နှင့်ဒုတိယပါ‌မောက္ခချုပ်များက ပြိုင်ပွဲဖွင့်လှစ်ပေးကြရာ ဘာသာရပ်ကိုယ်စားပြုအလိုက် (အမျိုးသား၊ အမျိုးသမီး) စားပွဲတင် တင်းနစ်အသင်း အုပ်စု(၃)ခုခွဲ၍ စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံမှ အမျိုးသမီး(၂၁)ဦး၊ အမျိုးသား(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၂၃ရက်မှ ၁၂၅ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပြန်/ ဆက်)