ဗန်းမောက်မြို့၌ မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဗန်းမောက် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်နှင့် ဝန်ထမ်းများက မြို့မဈေးနှင့် စာသင်ဝိုင်းများသို့ သွားရောက်ပြီး ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အတွက် ထိထိရောက်ရောက်‌ရှာဖွေဖော်ထုတ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစည်းအဝေး ကောက်နုတ်ချက်များထဲမှ လမ်းညွှန် မှာကြားချက်များ) မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက် ဆောင်းပါး၊ မူးယစ်ကိုပစ် ပန်းတိုင်သစ်စိတ်သစ် လူသစ်ဘဝသစ် ကာတွန်း၊ မူးယစ်ဆေးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှားကဗျာ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ ပါရှိပါသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က အခမဲ့ထုတ်ဝေခဲ့ပြီး မူးယစ်ဆေးဝါးကင်းစင်စေရန်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေသူ(ဗန်းမောက်)