ကျိုက်လတ် အမှတ်(၉) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်လတ် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို "မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး" ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းတည့်(၁၂)နာရီက အမှတ်(၉) အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ကောင်းကျိုး ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ် ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများအကြောင်းတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး  မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး" ဟောပြောပွဲသို့ အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးတင့်နိုင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်ရီရီမြင့်