ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ နယ်လှည့်အသိပညာ​ပေးဟောပြောပွဲပြုလုပ်

ဖျာပုံ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ် ကျုံကူကျေးရွာအုပ်စု အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နယ်လှည့်အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

ထိုသို့ ကျုံကူကျေးရွာအုပ်စုအကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နယ်လှည့်အသိပညာ​ပေးဟောပြောပွဲပြုလုပ်ရာတွင် ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦးက လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာက သန့်ရှင်းသောရေကိုသောက်ရန်နှင့် ရာသီတုပ်ကွေးအကြောင်း၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဝင်းပပကျော်က စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်တတ်စေရန်စသည်တို့အား အသိပညာပေး ဟောပြောကြသည်။ထို့နောက် အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား​ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် " သတင်းစကား လက်ကမ်းစာစောင်အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)