အောင်လံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပင်ဆွေးမြေ့လဲကျရာမှ   နေအိမ်ပြိုကျပျက်စီး

အောင်လံ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်တွင် ဇွန်လ ၂၂ရက်နေ့ည ၇ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျီးကုန်းရပ်ကွက်၊ စက်ကွက်နယ်မြေ(၃)လမ်းရှိ လူနေအိမ် တစ်လုံးပေါ်သို့ ဖျောက်ဆိပ်ပင်အခြောက် ဆွေးမြေ့လဲကျ၍ နေအိမ်ပြိုကျပျက်စီးခဲ့မှုကြောင့် မြို့နယ် မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အောင်လံမြို့နယ် မကျီးကုန်းရပ်ကွက်ရှိ လူနေအိမ် (၃x၃)ပင်၊ သွပ်မိုး၊ ပျဉ်ခင်း ထရံကာ(၂)ထပ် အိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်-၈၆၀၀၀၀/-ခန့် ဖြစ်ကာ ထောက်ပံ့ပစ္စည်းများ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)