သနပ်ပင်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ငါးကြင်း(၁)ပိသာ ငါးထောင်ကျပ်ဖြင့် ရောင်းချပေး

သနပ်ပင်  ဇွန်  ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းနျားက ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန်အတွက် ငါးကြင်း(၁)ပိသာ ငါးထောင်ကျပ်ဖြင့်  မြို့‌မဈေး‌ရှေ့၌  ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သူရ၊  မြို့စည်ပင်သာယာရေး ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ ပူးပေါင်း၍   သနပ်ပင်မြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ ထုတ်လုပ်သူများက မိမိတို့ စားသောက်ကုန်များအား မိဘပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက်    တစ်ဦးလျင် ငါးကြင်း(၁)ပိသာ ငါးထောင်ကျပ်ဖြင့် တစ်ဦးလျင် (၁)ပိသာနှုန်းဖြင့်   ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)