မင်းကင်း ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိက ပြိုင်ပွဲဝင် ကျောင်းသား/သူ များအား စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ပန်းချီဝါသနာရှင် ကျောင်းသား/သူစုစုပေါင်း ၁၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်