မင်းကင်း ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့ပေါ် ရပ်ကွက်များရှိ လူနေအိမ်များသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်းများအား ဇွန် ၂၂ ရက်နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက် (၁)၊ (၂)၊ (၃)များရှိ ပြည်သူများထံသို့ ကွင်းဆင်းသွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ ဖုံး သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ ဆိုင်ကယ်၊ စက်ဘီး၊ ကားတာယာ အဟောင်းများအတွင်း ခြင်များ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ရေလှောင်ကန်များထဲသို့ အဘိတ်ဆေးများခတ်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)