ကသာ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Cemtre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ “ပျော်ရွှင်ချမ်းမြေ့သည့်ဘဝကို ရယူပါ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ Book Club အဖွဲ့ဝင် စာရေးဆရာ(ကသာ သင်းမွှေး)က စာရေးဆရာ ဒေါက်တာတင်ထွန်းဦးရေးသားသည့် “ပျော်ရွှင်ချမ်းမြေ့သည့်ဘဝကို ရယူပါ”ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင် စာရေးဆရာ (ကိုဘ၊ ကသာ)က လည်းကောင်း၊ စာပေချစ်သူ ဦးထွန်းဝင်း၊ စာပေချစ်သူ ဦးမျိုးမြင့်အောင်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင့်ရသမျာကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာပေချစ်သူ ဦးထွန်းဝင်းက စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် တိုးတက်ရာတိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ လူငယ်တို့တွင် ရည်မှန်းချက်ပန်းတိုင်ထားရှိရမည်ဖြစ်ပြီး မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ် ရမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကပင် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်ရှိဖို့လိုအပ်ကြောင်း၊ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ရမည်၊ သည်းခံခြင်း၊ ဇွဲရှိခြင်းနှင့် ဝီရိယရှိဖို့ လိုအပ်ကြောင်းတို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Cemtre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)