အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်‌ ဟော‌ပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ထီးချိုင့် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ဖြစ်‌‌ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ မူးယစ်ဆေးကြောင့် လူငယ်များ မူးယစ်နွံထဲမရောက်စေရန် ဆေးလိပ်၊ အရက်များ အစပြုမသုံးစွဲမိရန်၊   မူးယစ်ဆေးဝါးကို ဝေးဝေးမှရှောင်ရှားရန်နှင့် မူးယစ်ဆေးဝါးသည် လူသားများကို အညွန့်တုံးစေကာ မိသားစုအလိုက် ဘဝပျက်စေသောကြောင့် စမ်းသပ် ပြုလုပ်မှုများ မပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့သည်၊၊

ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားရရှိစေရန် အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)