ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ပြီး ဂုဏ်ပြုသြ၀ါဒအမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၁၄ မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့‌သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အတူအမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား လိုက်လံနှုတ်ဆက် ဂုဏ်ပြုအားပေးစကားပြေားကြားသည်။

ယနေ့ဂုဏ်ပြုချီးမြှင့်ပွဲ၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သော ငါဘာသာဂုဏ်ထူးရှင်(၉)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄၀)ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် (၂၄၁)ဦး စုစုပေါင်း ၂၉၀ဦးတို့အားဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)