တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းသားရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်း အနားပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားခဲ့ပြီး လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်ကမိတ် ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ခံအရာရှိ ဒေါ်စန်းကတိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမင်းက အမျိုးသမီးများအတွက်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများအပါအဝင် လူမှုကာကွယ်စောင့်  ရှောက်ရေးလုပ်ငန်းများ ရှင်းလင်းခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်အေးအေးအောင်TA/LT ကခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောခြင်းပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှုတားဆီးရေး အသိပညာပေးများ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်က မိုးစပါးထွက်နှုန်း တိုးတက်စိုက်ပျိုးရေး၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ကြက် မွေးမြူရေးဆိုင်ရာအသိပညာ ပေးများဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်၊ တိုင်းဒသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံအရာရှိ ဒေါ်စန်းနှင့်တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး   တက်ရောက်လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံများရိုတ်ကူးကြကြောင်း  သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)