မင်းတုန်း ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုက်၊ မင်းတုန်းမြို့ အမှတ်(၁)ရပ်ကွက် တောင်သူ ဦးစိန်သန်း၏ ကိုင်းမြေ တစ်ဧကတွင် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိရစ္ဆာန် ကျန်းမာလုပ်သားတို့မှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် တောင်သူများနှင့်အတူ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ နေပီယာမြက်သည် အသားဓါတ်ပါဝင်မှု ၁၂-၁၄%အထိ မြင့်မားပြီး အထွက်နှုန်း ကောင်းမွန်သည့် အတွက် စနစ်တကျစိုက်ပျိုး၍ ကျွဲ၊နွားများကို ကျွေးမွေးခြင်းဖြင့် ကျွဲ၊နွားများ အာဟာရ ပြည့်ဝစွာရရှိပြီး မိရိုးဖလာ သဘာဝမြက်များ ကျွေးမွေး ခြင်းထက် မွေးမြူရေး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)