အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ချောင်းဦး ဇွန် ၂၂

မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ လာမည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ချောင်းဦးမြို့ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထိန်လင်းမှ သုတပဒေသာစာအုပ်တွင် ကိုဇော်ဌေး(ယဥ်ကျေးမှု)၏ အနာဂတ် နိုင်ငံတော်ကိုပုံဖော်ထုဆစ်ကြမည့် လူငယ်များသည် ငယ်စဥ်ကပင် ဆေးလိပ်ကို လက်တည့်စမ်းသောက်သုံးခြင်း မပြုမိရန် အရေးကြီးကြောင်း၊ ဆေးလိပ်သောက်ခြင်းသည် ငွေကြေးနှင့် ဆိုးဝါးသော ကျန်းမာရေးကို ဝယ်ယူနေခြင်းဖြစ်ကြောင်း၊ လူငယ်တို့အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဥ်များတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်စွာ ပါဝင်ဆောင်ရွက်သင့်ကြောင်း စသည့်အကြောင်းအရာများ ရေးသားထားသည့် လူငယ်နှင့်ဆေးလိပ်အန္တရာယ် ဆောင်းပါးအား ဖတ်ပြဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များမှလည်း သိလိုသမျှမေးမြန်းပြီး မိမိတို့ကြိုက်နှစ်သက်သည့် ဆောင်းပါးများ ဖတ်ပြဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းများပါဝင်သည့် စာအုပ်၊ စာစောင်များကို လူငယ်များက ကြည့်ရှု့လေ့လာခဲ့ပြီး မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေး ပြသခဲ့ကြောင်း သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)