ကျောက်ကြီး ဇွန် ၂၃
၂၀၂၃ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို "လူငယ်နှင့်မူးယစ်ဆေး" အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မရဲစခန်း တို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲတွင် မြို့မရဲစခန်း ဒုရဲအုပ် မင်းစိုးကြွယ်က လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲအန္တရာယ် ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်အန္တရာယ်လျှော့ချရေးနည်းလမ်းများနှင့် လူထုအလွှာအသီးသီးမှမူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိကို လူငယ်များကြိုတင်သိရှိပြီး ရှောင်ရှားကြစေရေး၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ကြစေရေး စသည်တို့ကိုဆွေး နွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)