ဖြူးမြို့နယ်တွင် မွေးမြူရေးသမားများအတွက်အကျိုးရှိစေမည့် တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြသပေး

ဖြူး   ဇွန်   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေပီယာမြက်စိုက်ပျိုးသရုပ်ပြခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(မြောက်)ကျေးရွာ  တောင်သူ ဦးတင်ငွေ၏ ခြံမြေတစ်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွေးမြူရေးသမားများအတွက်အကျိုးရှိစေသည့် တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးသရုပ်ပြပွဲဆောင်ရွက်ပေးရခြင်းမှာ မွေးမြူရေးသမားများနှင့် တောင်သူဦးကြီးများ၏ ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအဟာရလုံလောက်စွာ ရရှိစေမှာဖြစ်ပြီး အသားဓါတ်ကြွယ်ဝစေခြင်း၊ အစာရှားပါးသည့် နွေရာသီတွင် ခြံလှောင်မွေးမြူရိတ်ကျွေးနိုင်ခြင်းနှင့် ပိုလျှံသောနေပီယာမြက်များကို အစာချဉ်ဖတ် ပြုလုပ်၍ ကျွေးမွေးနိုင်စေသည့် စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်စေခြင်း၊ ဖြစ်ထွန်းမှုများပြီး အစာကုန်ကျစရိတ်လျှော့ချနိုင်စေကာ မွေးမြူရေးသမားများအနေဖြင့် မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်း များစွာရရှိစေရေးအတွက်  ရည်ရွယ် စိုက်ပျိုးစေခြင်းဖြစ်ကြောင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပီယာမြက် စိုက်ပျိုးသရုပ်ပြသရာတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်  အဖွဲ့ဝင်များမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးသမားများ၊ တောင်သူဦးကြီးများနှင့် ကျေးရွာပြည်သူများက တက်ရောက်၍ လက်တွေ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)