ပခုက္ကူ ဇွန် ၂၃
၂၀၂၃ ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး (Talk Show) ပွဲအစီအစဉ်တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ” အကြောင်းကိုလည်းကောင်း၊ ယာယီနေ့စား ဝန်ထမ်းများဖြစ်သော ဒေါ်အေးမြတ်မွန်နှင့် ဒေါ်သူဇာတို့က “ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်း အကြောင်း” တို့ကိုလည်းကောင်း အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)