ရွှေဘိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို​ဟော​ပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ရွှေဘို ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ​သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို၊​ဟော​ပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ မခမ်းအနားကို ဇီးနတ်မာန်​အောင်ဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းတွင် ယ​နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး​ဒေါ်​အေးမြမွန်က၊​ အသိပညာပေးဟော​ပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်​ဆေးအမျိုးအစားများ၊မူးယစ်​ဆေးသုံးစွဲရခြင်း အ​ကြောင်းအရင်းများ ၊ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ ကို​ပြောကြားခဲ့ပြီး​နောက် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲတွင်၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ရရှိကြသူများအားဆုတံဆိပ်၊ဆု​ငွေနှင့် အမှတ်တရလက်​ဆောင်ပစ္စည်းများ​ပေးအပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲသို့ ကျောင်းသား​ ကျောင်းသူများ ဆရာဆရာမများ တက်​ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေကာ၊ မူးယစ်​ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာ​စောင်များကိုပြသထားရာ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)