မြိုင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မြိုင် ဇွန်  ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ထွန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး  ဝန်ထမ်းတစ်ဦးနှင့်အတူ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့် ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု၊ ရရှိလာမည့် ဆိုးကျိုးများ စသည့် အကြောင်းအရာများကို  အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မြိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ ဗဟုသုတအသိပညာရရှိစေရန် အသိပညာပေး Talk Showအစီအစဉ်များကို ပြုလုပ်လျှက်ရှိပြီး Online နှင့် Facebook Page များမှတဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မယ်ခွေ