လပွတ္တာ ဇွန် ၂၃
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း လပွတ္တာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၅)နှစ်မှ (၁၈)နှစ်အတွင်းရှိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေး အမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ် ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခရိုင် ပြန်/ဆက်