ညောင်လေးပင်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSMEs) ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ညောင်လေးပင် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSMEs) ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် (MSMEs) ဒေသထုတ်ကုန်စည်ပြပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများဖွဲ့စည်းထားပြီး ကော်မတီများအလိုက် တာဝန်များခွဲဝေချထားပြီးဖြစ်ရာ သတ်မှတ်ထားသော တာဝန်များကို ဂရုတစိုက်လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ  ဆွေးနွေးတင်ပြခဲ့ပြီးနောက် သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများမှ ခွဲဝေပေးထားသော တာဝန်များနှင့်ပတ်သက်၍ စီစဥ်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသောဌာနဆိုင်ရာများက လိုအပ်သည်များအားဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူနိုင်(ပြန်/ ဆက်)