လပွတ္တာမြို့၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

လပွတ္တာ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မြန်မာနိုင်ငံအတက်ရောဂါစီမံချက်အကြောင်း အသိပေးရှင်းလင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရကအဖွင့်အမှာစကားပြောကြားခဲ့ပြီးလပွတ္တာခရိုင်၊ ကုတင် ၂၀၀ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးဒေါက်တာအိသန္တာထွေးက အမျိုးသမီးများနှင့်ကလေးများအတွက် အတက်ရောဂါအကြောင်းသိကောင်းစရာများ၊ အတက်ရောဂါရှိသူများအတွက် ရှောင်ရန်ဆောင်ရန်အချက်များ၊ အတက်ရောဂါနှင့်ပတ်သတ်သော မှားယွင်းသည့်အယူအဆများနှင့် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်အကြောင်းအား ဗွီဒီယိုပြသ၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)