ကလေး ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ် ၁ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသော ဒေသခံတောင်သူများအား မျိုးစပါးများကို ပေးအပ်ခဲ့သည်။
ထို့နောက် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနည်းပညာပေးသင်တန်းကို ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်သူများက မရှင်းလင်းသည်များကို ပြန်လည်ဆွေးနွေးတင်ပြကြသည်။
အဆိုပါ သင်တန်းကို စိတ်ပါဝင်စားသူ ဒေသခံတောင်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၃၅ ယောက်တက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်