ပန်းတောင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန် ၂၁ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုးနှင့်ကျန်းမာရေးဝန်ထမ်းများသွားရောက်၍ လိုအပ်သည်များ ကူညီပံ့ပိုးခဲ့ကြသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၀)ကျောင်းတွင် အသက်(၅)နှစ်ပြည့်ပြီး ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး First Dose နှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose များကိုထိုးနှံပေးလျက်ရှိရာ ဇွန် ၂၂ရက်နေ့ထိ ကျောင်းသား/ သူ စုစုပေါင်း (၁၄၅၄)ဦး ထိုးနှံပြီးစီးခဲ့ပြီး ကျန်ရှိနေသောကျောင်းများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)