ပုသိမ်မြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး

ပုသိမ် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ပုသိမ်မြို့နယ် ကျန်းမာ‌ရေးဦးစီးဌာနမှူးက ဦးဆောင်၍ KG မှစ၍ အထက်တန်းအထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူများအား ဆေးထိုးစုရပ်သို့ ရောက်ရှိသည်နှင့် ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းတာ ခြင်း၊ဆေးထိုးပြီးသောအခါတွင်လည်း နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/သူ (၄၀၀) ကျော်အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန်