ညောင်တုန်းမြို့နယ်၌ လယ်ယာမြေဥပဒေ အသိပညာပေး ဆွေးနွေး

ညောင်တုန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အတွင်းရေးမှူး ဦးလှမျိုးတို့က လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားဖြေရှင်းခြင်းနှင့် အယူခံခြင်းစသည့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ဆင်ထုံးကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စုရှိ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အကျယ်တဝင့် ဆွေးနွေးကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)