ဟုမ္မလင်း၌ စာဖတ်ဝိုင်း ပြုလုပ်

ဟုမ္မလင်း ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝါသနာတူ Youth Club နှင့် ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က မိမိတို့ဌာနအနေဖြင့်
ပြည်သူ့ဆက်ဆံရေးနည်းလမ်းဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာကြည့်တိုက်ရှိ စာအုပ်များကို အခမဲ့ စာငှားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းဖြင့် Book Club ၊ Youth Club ၊ Women Club တို့နှင့် စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ Talk Show စကားဝိုင်းများ၊ ဉရုရွှေမြေ
  Facebook Page နှင့် ဟုမ္မလင်းမြို့ ပြည်သူ့စာကြည်တိုက် Page တို့မှ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဌာနသည် အသိပညာ ဗဟုသုတဝန်ဆောင်မှုပေးသော ဌာနဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းဆရာမ ဒေါ်မိုမိုချိုက လူငယ်နဲ့ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာမ ဒေါ်ထွန်းတင့်နန္ဒာဝင်းက လူငယ်နဲ့တာဝန် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာမ ဒေါ်နန်းဖူးစံက လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်/ဆက် ဦးစီးဌာနမှ စာထောက်-၃ ဒေါ်နန်းမဉ္ဇူအေးက လူငယ်နဲ့အမိုက် ခေါင်းစဥ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို ခေါင်းစဥ်ထဲတွင် ပါရှိသော အကြောင်းအရာများကို ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)