ပေါက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာမျိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်သန်းဆင့်တို့က Talk Show အစီအစဉ် ကျင်းပရသည့် ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲမိခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများ စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)