ကျောက်တံခါး ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် မိုးရာသီတိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက် သရုပ်ပစိုက်ပျိုးခြင်းကို ယမန်နေ့က ထိန်တောကျေးရွာရှိ နွားမွေးမြူသူ ဦးမြင်ဦး၏ မြေ(၁)ဧကပေါ်တွင် ကျင်းပခဲ့သည်။ အဆိုပါစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ကျောက်တံခါးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က အစာပင် (နေဗီယာမြက်) စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များ လွှတ်ကျောင်းမွေးမြူသည့် စနစ်မှ ခြံလှောင်မွေးမြူသည့် စနစ်သို့ ကူးပြောက်းပြီး တိရစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ဖြည့်စွက်အစာစိမ်းအနေဖြင့် (ပဲဖတ်၊နှမ်းဖတ်၊ဖွဲနု) အစရှိသည့် ဒေသထွက် အစာနုများနှင့် ရောစပ်ကျွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အဟာရပြည့်ဝစွာရရှိစေပြီး မွေးမြူရေး ထုတ်ကုန်ကောင်းများ၊ ရရှိစေကာ မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးလာစေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ ဆက်)