တမူး၊ ဇွန် (၂၃)
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ (၂၃) ရက်နေ့ နံနက် (၁၁) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင်စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား/ ကျောင်းသူများမှ စာရေးဆရာ မောင်ကျေးဇူးရေးသားထားသည့်" လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် "စာအုပ်မှ စဥ်လာဆုံးမသြဝါဒ ရှောင်ကြမူးယစ်ဆေး၊ ပညာရှားပါးလူ့ဘိန်းစား၊ လူပျင်းလူပြိန်း စိတ်မထိန်း ဘိန်းကိုစား၍မှိုင်၊ ရွံစရာ မူးယစ်ဆေးဝါး ဝေးစွာရှောင်ရှားစသည့် ခေါင်စဥ်အကြောင်းအရာများအား ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို တက်ရောက်လာကြသူများမှ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တမူးခရိုင်ရုံးမှ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှု့သည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အမြင်သစ်များ မျှဝေတတ်စေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ
တမူးခရိုင် (ပြန်/ဆက်)