ပလောက်၊ အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ဆေးရုံတွင် တက်ရောက် ဆေးကုမှုခံယူနေသော လူနာများအား ဖြည့်စွက်အာဟာရများလှူဒါန်းခြင်းကို အမှတ် (၁၂)၊ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ တပ်နယ်မှူး ဦးစီးအရာရှိ /စစ်သည်များက ယနေ့ နံနက် (၉)နာရီအချိန်ခန့်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စား တပ်နယ်မှူး ဦးစီးအရာရှိ /စစ်သည်များက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာ (၂၀) ဦးအတွက် ဖြည့်စွက်အာဟာရအဖြစ် ကြက်ဥနှင့် ကွေကာအုပ်များလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)