ဟုမ္မလင်း၌ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ဟုမ္မလင်း ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ​​ယနေ့ နံနက် (၉)နာရီမှ (၁၂)နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေ၊ အရိုးအထူးကုဆရာဝန် ဒေါက်တာမင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အို များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချို ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၄၂)ဦးအား အခမဲ့ စောက်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှု အစီစဉ်တွင် ကျန်းမာရေး စစ်ဆေးမှု မခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း (HA1)က ဉီးဆောင်လေ့ကျင့်​ ပေးခဲ့ကြောင်းနှင့် အာဟာရဒါန အ​နေဖြင့် ကြက်သားကြာဇံဟင်းခါး တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)