ထားဝယ် အောက်တိုဘာ ၉
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲမှထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အများပြည်သူထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသည့်လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များနှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပယ်ဖျက်ရန် ဆောင်ရွက်ရမည့် အချက်များ အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)