သာယာဝတီမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

သာယာဝတီ  ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၁၉၃)ကျောင်းတွင် ကျောင်းများအလိုက် စတင်ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်နှင့် တတိယအကြိမ် ကျောင်းသား/ကျော င်းသူ(၇၈၃၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ထိုးနှံရာတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ သူလေးများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးနောက် မိနစ် (၃၀) ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ပြီး ကျောင်းသား/ ကျောင်းသူများ အားလုံးကို သတ်မှတ်ထားသည့် ရက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)