မိုးညိုမြို့နယ် ဥယျာဉ်စုကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မိုးညို ဇွန် ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ အ.မ.က(ဥယျာဉ်စု)ကျောင်းတွင်ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်က ဌာန၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သဘာဝဘေးနှင့်ပတ်သက်သည့် ငလျင်ဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး အ.မ.က(ဥယျာဉ်စု)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းခိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ သဘာဝဘေးသိ‌ကောင်းစရာ ဗီနိုင်းပိုစတာများပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား‌ထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)