ဓနုဖြူ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်ကို ယနေ့နံနက် ၈ နာရီအချိန်က ရေတွင်းကုန်း ကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာ ဦးနေအုပ်၏ ရွှေဒင်္ဂါး နို့စားနွားမွေးမြူရေးခြံ၌ သရုပ်ပြ လက်တွေ့စိုက်ပျိုးခဲ့ကြသည်။
ဓနုဖြူမြိူ့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးဌာန၏ မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်များဖြစ်သော မွန်ဘားဆားနှင့် မွန်ရေးဘားမြက်များ သရုပ်စိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအိချိုဇင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)